ဘ၀လမ်းညွန် တို့ကျောင်းတော်

Saturday, September 15, 2012

ဆရာမကြီးဒေဲါသန်းရှင်နှင့်ရန်ကုန်ရောက်အ.ထ.က.၃မြိတ်ဆရာမဟောင်းများ

၂၀၀၇ ခုနှစ် အမှတ်တရ        (ပ-တန်း)ဒေဲါလှညွန့်

(ဒု-တန်းဝဲမှယာ)ဒေဲါကြင်စီ၊ဒေဲါရီရီဝင်း၊ဆရာမကြီးဒေဲါသန်းရှင်၊ဒေဲါတင်ထွေးနွယ်၊ဒေဲါရီရီဌေး၊ဒေဲါတင်တင်သန်း၊ ဒေဲါအေးအေးကလေး

(တ-တန်းဝဲမှယာ)ဒေဲါမြမြသန်း၊ဒေဲါနုနုကြည်၊ဒေဲါခင်စောမူ၊ဒေဲါအင်မီ၊ဒေဲါရှုကြည်၊ဒေဲါခင်ခင်ကြိုင်၊ဒေဲါကြည်ကြည်၊ဒေဲါ---၊ဒေဲါအင်ကြူ  

Wednesday, September 12, 2012

အ.ထ.က(၃)မြိတ်ကျောင်းသား/သူလေးများ သီတဂူဆရာတော်ဘုရားကြီးထံမှ
သြ၀ါဒ ခံယူနိုင်ရန် အခမ်းအနား ပြင်ဆင်အပြီး သူငယ်ချင်းသုံးယောက်
(ကိုစိုးပိုင်ဌေး၊ကိုထွေးသူရ၊ကိုတင်ထွန်းလင်း)

Monday, September 10, 2012

ကျွန်ုပ်နဲ့ကျွန်ုပ်တို့၏ကျောင်းအမှတ်တရများအပိုင်း (၇)

တန်ဆောင်တိုင်ပဲထင်ပါတယ်။အခန်းတိုင်းကအသီးသီးပဒေသာပင်တွေသီကြ၊ဒီဇိုင်းလှလှစကဿကူလေးတွေညှပ်ကြနဲ့ဆရာမတွေရောကျောင်းသားတွေပါအလုပ်များတဲ့အချိန်လေးပေါ့။အဖိတ်နေ့မှာပဒေသာပင်အမှီပို့ရတော့မယ်လေ။အပြိုင်အဆိုင်သူများအခန်းတွေထက်လှအောင်လုပ်ကြတာပေါ့။ကျွန်မတို့ကျောင်းကပဒေသာပင်ကိုတော့နှစ်စဉ်နှစ်တိုင်းပို့နေကြသိမ်တော်ကြီးနဲ့ဘုရားငါးဆူကျောင်းတိုက်ပဲဖြစ်ပါတယ်။အိုးစည်ဒိုးပတ်လည်းပါတာမို့အတော်ပဲပျော်ဖို့ကောင်းပါတယ်။နေပူပူနေပြင်းသော်လည်းလမ်းလျှောက်ပြီးလှည့်လည်ရတာရင်ထဲမှာတော့လမင်းကြီးထိန်လင်းနေသည့်အလားခံစားရပါတယ်။ကလေးအရွယ်မို့လို့လားမသိအပျော်ဆိုရင်ထိပ်ဆုံးကပါချင်တယ်လေ။သိမ်တော်ကြီးရောက်ရင်ဘုရားရိပ်ကအေးချမ်းတာရောကွက်သစ်အရပ်ကတာဝန်ယူကျွေးမွေးတဲ့မိုးသီးဖျော်ရည်နဲ့မုန့်တီလှော်စားသောက်ရတဲ့အတွက်ရင်ထဲဝယ်အေးမြပြီးမောပန်းသမျှတွေပျောက်ကုန်ပါတော့တယ်။အဲဒီနောက်မှာတော့ဘုရားငါးဆူကျောင်းဆီသို့ဆက်လက်ဦးတည်ကြတယ်။အဲဒီမှာလည်းကျွေးမွေးဧည့်ခံဖို့ကန်ဖျားရပ်ကအဆင်သင့်စောင့်နေကြတယ်။ဘုရားငါးဆူကျောင်းမှာဒီအချိန်ဆိုရင်အသံမစဲဝေသနဿတရာဇာတ်တော်ကြီးကိုဦးဇင်းတွေရွတ်ဖတ်ပူဇော်နေတဲ့အသံတွေကြားရတယ်။ကျောင်းဝင်းထဲကဇာတ်တော်ကြီးရုပ်ကြွ၊ရုပ်လုံးတွေ၊ဇာလီနဲ့ဂနာစိန်အရုပ်တွေ၊စူစကာပုဏဿဏားကြီးပါမကျန်တွေ့ရပါတယ်။အစားလည်းစားရဗဟုတလည်းရကုသိုလ်လည်းရတာမို့နောင်နှစ်လည်းလိုက်ကြမယ်နောဆိုပြီးသူငယ်ချင်းတတွေနဲ့ကတိတွေပေးခဲ့ကြသေး။အတိတ်ဆိုအတိတ်မှာကျန်ခဲ့လည်းကျွန်မအတွက်ကတော့ကျောင်းကြီးဟာပစဿစုန်မှာပဲရှိနေဆဲပါ။


မှ/ဘေးဘေ

Sunday, September 9, 2012

ကျွန်ုပ်နဲ့ကျွန်ုပ်တို့၏ကျောင်းအမှတ်တရများအပိုင်း (၆)

 "ကုသိုလ္ပညာ ဥစဿစာရဖို့
သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်
ကောင်းမှုအထူးရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့
မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစဿစာကိုပေး နေထိုင်ရေး
မျှော်တွေးသုံးချက်ပေ။
အဲဒါမွ ဗုဒဿဓဝါဒ ကမဿဘာ့မဂဿငလာေတြ။"  .
(သူငယ်တန်းဖတ်စာအုပ်မှ)



ငယ်တုန်းကတဝါးဝါးနဲ့ဆိုခဲ့ရွတ်ခဲ့တာတွေဟာအခုပြန်ဖတ်ကြည့်
တော့အဓိပဿပါယ်တွေ၊အလကာတွေအပြည့်နဲ့ပါလားလို့စဉ်းစားမိတယ်။ကျောင်းကပေးတဲ့  ဘဝအတွက်စာဆိုတာဒါမျိုးပါလားလို့....

မှ/ဘေးဘေ


Saturday, September 8, 2012

ကျွန်ုပ်နဲ့ကျွန်ုပ်တို့၏ကျောင်းအမှတ်တရများအပိုင်း (၅)


ကျောင်းတော်ကြီးရဲ့အမှတ်တရများ (၁)

မနက်ကျောင်းရောက်သည်နှင့်ကျော
င်းစောင့်ကြီးလ္ဘက်ခြောက်ခတ်ပြီးကျိုထားသောရေနွေးကြမ်းကိုမိမိအခန်းအတွက်သူငယ်ချင်းနှင့်အတူသွားယူရသည်မှာအင်မတန်
စိတ်လှုပ်ရှားရပါသည်-မီးဖိုကြီးရယ်၊ရေနွေးအိုးများရယ်
မဲမှောင်နေသောအခန်းကြီးရယ်ပေါ့ အနံ့အရသာကောင်းသည့်ထိုရေနွေးကြမ်းကိုတော့မမေ့နိုင်တဲ့အမှတ်တရတစ်ခုပါဘဲ့.......                                    ထိုအချိန်က မြိတ်မြို့တွင်ရေကိုကျိုချက်ပြီးသောက်ကြသည်မှာကျနော်တို့
တစ်ကျောင်းသာရှိမည်ထင်ပါသည်
     အခုတော့ ထိုအခန်းသည် ကလေးငယ်များမူကြို
အခန်းအဖြစ်သန့်ရှင်းလှပနေပေသည် ။    

မှ....
   ကိုစိုးပိုင်ဌေး

၁၉၉၂-၉၃ ဆယ်တန်းဆုယူပြီးဆရာမတွေနဲ့အတူ


ကျွန်ုပ်နဲ့ကျွန်ုပ်တို့၏ကျောင်းအမှတ်တရများအပိုင်း (၄)

ရန်ကုန်ကလူ

“နင်ကလည်း.. အမြန်လျှောက်ပါဟ..”

ပြောရင်းက ကျွန်တော် ခြေလှမ်းကို ပိုသွက်ပစ်လိုက်သည်။ သစ်ရိပ်များကြားမှ ခပ်စူးစူးထိုးနေသော မွန်းတည့်နေရောင်၊ လွယ်ထားရသော လွယ်အိတ်လေးလေးကြီးတို့ကြားမှ ခပ်မြန်မြန် လျှောက်နေရသဖြင့် ပူလောင်အိုက်စပ်ကာ ချွေးတို့ ရွှဲနေပြီ ဖြစ်သော်လည်း စိတ်ဇောက ထိုအရာတွေကို သတိမရအားပါ။ အရေးကြီးတာက ကျောင်းကို အချိန်မီရောက်ဖို့ပင်။

”ငါ ဗိုက်အောင့်နေပီ.. အရမ်းအမြန်ကြီး မလျှောက်နိုင်တော့ဘူးကွ..” ကျွန်တော့်အကိုက ငြီးငြူသံတစ်ဝက်ဖြင့် ပြန်အော်၏။
”ကျွတ်”ခနဲ စိတ်ညစ်စွာဖြင့် သူ့ကို မျက်မှောင်ကုတ် ကြည့်လိုက်သော်လည်း ဘာမှတော့ ထပ်မပြောဖြစ်တော့။ တကယ်တော့ ခုလိုနောက်ကျရတာလည်း ကိုယ့်ကြောင့်ပင် မဟုတ်လား။ ဆယ်ငါးမိနစ်နီးနီးလောက် လမ်းလျှောက်ရသော ထ(၃) ကျောင်းနှင့် ကျွန်တော်တို့ အလယ်ကျွန်း အိမ်သည် ထမင်းစားချိန်ဘာညာ ထည့်တွက်လိုက်မည်ဆိုလျှင် မုန့်စားဆင်းချိန်တစ်နာရီသည် အစွန်းအထင်းမခံ ကွက်တိနီးပါး။ ဒီတော့ ကျွန်တော် ထမင်းစားပီး ဗိုက်နာကာ အိမ်သာထဲရောက်ခဲ့သည့်အဖြစ်က ခုလို ကျွန်တော်တို့နှစ်ယောက်ကို အပြေးအလွှား ဖြစ်နေစေခြင်းဖြစ်သည်။

ကျောင်းနားနီးလာသော်လည်း ခေါင်းလောင်းသံမကြားရသေးသဖြင့် ကျွန်တော့်စိတ် အနည်းငယ်ငြိမ်သွားသည်။ နာရီတွေ ဘာတွေလည်း ညီအစ်ကိုနှစ်ယောက်လုံး မပတ်ရတာမို့ အချိန်နောက်ကျနေပီဆိုတာ သိသော်လည်း ဘယ်လောက်ဖြစ်နေမှန်း မသိနိုင်ပါ။

”ကျောင်းမတက်သေးဘူး ထင်တယ်ကွ..” ကျွန်တော်ခပ်တိုးတိုးရေရွတ်သည်။ ဒါပေမဲ့ လမ်းမှာ ကျောင်းသားတစ်ယောက်မှ မတွေ့တာမို့ ကိုယ့်ဘာသာလဲမသေချာ။

”ငါပြောသားပဲ ဒီလောက် မနောက်ကျပါဘူးဆို..”

ဒါပေမဲ့ သူပြောတာမှားမှန်း ကျောင်းနားနီးလာတာနှင့် ကျွန်တော်တို့ သိလိုက်သည်။ ကျောင်းတံခါးမသည် ပိတ်လျှက်။ ဆရာ ဆရာမများအား နှုတ်ဆက်သံများသည် ဟိုအခန်း ဒီအခန်းတို့မှ လမ်းပေါ်လျှံကျလာနေသည်။

ထူထူပူပူဖြင့် ကျွန်တော် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ တကယ်တော့ မမှီတော့လို့ အိမ်ပြန်ခြင်းသည် ဘာမှမဖြစ်လှတာကို ခုနှစ်တန်းဦးနှောက်က မစဉ်းစားမိခြင်းလည်း ဖြစ်၏။

”ဟာ.. ဟိုမှာ ၀င်လို့ရတယ်ကွ..”

ကျွန်တော့်အကို အော်သံကြောင့် လှမ်းကြည့်လိုက်တော့ ကျောင်းမုန့်ဆိုင် အနောက်နားကပ်ရပ်တန်းကနေ အုတ်နံရံကို ကျော်ကာ ကျောင်းဝင်းထဲ ခုန်ချသွားသော ကျောင်းသားကြီး တစ်ယောက်ကို ရိပ်ခနဲ ကျွန်တော်မြင်လိုက်သည်။ တိုင်ပင်စရာမလိုပဲ ကျွန်တော်တို့ နှစ်ယောက်လို ထိုနေရာသို့ တန်းပြေး၏။ မုန့်ဆိုင်တန်းကို သိပ်မမှီလှပေမဲ့ တစ်ယောက်ကို တစ်ယောက်ပင့်ပေးလိုက်ရင်း တန်းကတစ်ဆင့် အုတ်နံရံပေါ်သို့ အလွယ်ပင် ရောက်သွားသည်။
အားပါး ခုန်ချရမှာ တော်တော်မြင့်သား။ ဒါပေမဲ့ မတတ်နိုင်.. လွယ်အိတ်ကို အရင်ပစ်ချပီး ကျွန်တော်ခုန်ချလိုက်သည်။ အောက်ရောက်တာနဲ့ ဖုတ်ဖက်ခါထကာ ကျွန်တော်တို့ နှစ်ယောက် ကျောင်းဆောင်ဘေးကနေ လှေကားဆီသို့ ပတ်ပြေး၏။

”ဟိတ်ကောင်တွေ”
လှေခါးတက်ခါနီးပဲရှိသေးသည်။ ဟိန်းထွက်လာသော အသံကြောင့် နှစ်ယောက်လုံး လန့်ကာ တုန်သွား၏။
လှည့်ကြည်လိုက်တော့ ကျောင်းအုပ်ကြီး။

”လာစမ်း.. မင်းတို့ အုတ်နံရံ ကျော်လာတာမဟုတ်လား..”
လေသံရော မျက်နှာပါမာထန်နေသည့် ဆရာကြီးကို ကြည့်ကာ နှစ်ယောက်လုံးအသံမထွက်တော့..

”ဟေ့ကောင်တွေ.. ပြောလေ..”
”တံ.. တံခါးပိတ်သွားလို့ပါ.. ဆရာကြီး..” ကျွန်တော့်အကိုက အထစ်ထစ်ငေါ့ငေါ့ ဖြေသည်။

ကြောက်တာရော.. မောတာရော ပေါင်းကာ ချွေးတွေပြန်နေပီး မျက်နှာငယ်လေးတွေနဲ့ ဖြစ်နေသော ကျွန်တော်တို့ နှစ်ယောက်ကိုကြည့်ပီး ဆရာကြီး နဲနဲတော့ မျက်နှာလျော့လာသည်။ ဒါပေမဲ့ လေသံကတော့ မာဆဲပင်။

”ဘာလို့ အချိန်မီမလာကြလဲကွ.. ပြောစမ်း မင်းတို့ဘယ်ကလာတာလဲ..”
”ရန်ကုန်ကပါ ဆရာကြီး..”

အကို့ ဖြေသံအဆုံးမှာ ဘာကွဆိုသော အသံကြီးနှင့် ကျွန်တော်တို့ နှစ်ယောက်လုံး တဖြောင်းဖြောင်းနှင့် နရင်းတစ်ချက်ဆီ အတီးခံလိုက်ရသည်။ တစ်ချက်ပေမဲ့ တော်တော်အီတဲ့ တစ်ချက်ပါ။

”နောက် အုတ်နံရံကို မင်းတို့ ကျော်ဦးမလား ပြောစမ်း.. ဟိုရှေ့က မြင်လိုက်ရတဲ့ ကောင်ကရော မင်းတို့အသိပဲလား..”
ဆရာကြီး အမေးကို နှစ်ယောက်လုံး ခေါင်းပဲခါရဲတော့သည်။ ဘာမှပြန်မပြောရဲ။

”ပြောစမ်း မင်းတို့ဘယ်အတန်းကလည်း” မေးပီးတော့မှ ရင်ပတ်က VII-C ဆိုတဲ့ တံဆိပ်ကို ကြည့်ပီး..
”တက်ကြ.. မင်းတို့ဆရာမဆီ ငါကိုယ်တိုင်လိုက်အပ်စမ်းမယ်...”

နှစ်ယောက်လုံး ရှေ့က ကုတ်ကုတ်ကုတ်ကုတ်နှင့် လက်ပိုက်ပီး တက်ခဲ့ကြသည်။ ပထ၀ီအချိန် ဖြစ်သောကြောင့် ပထ၀ီဆရာမပဲရှိသည်။ ဆရာမက အရမ်းအေးတဲ့ ဆရာမ။ ဟုတ်ကဲ့ ဆရာကြီး ဟုတ်ကဲ့ဆရာကြီး နှင့်သာ ဆရာကြီးပြောသမျှ ခေါင်းညိတ်လိုက်ပီး ဆရာကြီးထွက်သွားတော့

”သားတို့ကလည်းကွယ်.. ဘာလို့ အဲလိုကြီးကျော်ဝင်ရတာလည်း.. ဘေးလူတွေ မြင်တော့ရော.. ကောင်းပါ့မလား..”
ဆရာမက ဆုံးမစကားကို ခပ်အေးအေးသာ ဆို၏။ ဆူခြင်းဆဲခြင်း မရှိပါ။

အင်း..တော်ပါသေးရဲ့..

ညီအစ်ကိုနှစ်ယောက် ပူပီးနာနေသော ဂုတ်လေးတွေကိုယ်စီပွတ်ကာ ငြိမ်ပီးထိုင်နေကြတော့၏။

.......................................................................

မြိတ်မြို့.. အထက (၃) ရဲ့ ခုနှစ်တန်းကျောင်းသား ဘ၀တုန်းက ကြုံခဲ့ရတဲ့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ အဖြစ်လေးပေါ့ဗျာ.. ဆရာတွေဆရာမတွေ ဆုံးမလို့ ဘယ်တော့မှ စိတ်မဆိုးတဲ့ အမေတို့ကတော့ သားတို့က ကျော်ဝင်တာကိုးဆိုတဲ့ စကားကိုသာဆိုလို့.. နောက်နေ့ကစပီး ထမင်းဘူးယူဖို့ စီစဉ်ပေးပါရော..

ဒါလေးက အမှတ်တရဖြစ်သလို ရီစရာလည်း ကောင်းတယ်ဗျ.. ဘာလို့လဲဆိုတော့ အတန်းထဲမှာ နဲနဲအေးအေးဆေးဆေး ရှိတဲ့ ကျွန်တော်တို့ နှစ်ယောက်အဖြစ်ကို သိတော့ အတန်းပိုင်ဆရာမကလည်း သူ့တပည့်တွေကို အဲလောက်တောင် တီးရမလားဆိုပီး ဆရာကြီးကို ရှင်းပြသလိုလိုနဲ့ ရန်သွားလုပ်ပါရောဗျို့.. ဆရာကြီးကပြောတာတော့ ”ခင်ဗျားတပည့်တွေကဗျာ.. ကျုပ်က ဘယ်ကများလာရလို့ နောက်ကျတာလဲ ဆိုပီး လျော့ပေါ့စဉ်းစားပေးမလို့ မေးတာကို ဖြေပုံကကြည့်ဦး.. ရန်ကုန်ကတဲ့.. ကဲ.. ကျုပ်ဒေါသမထွက်ရင် ဘယ်သူထွက်မလဲ..” ဆိုပဲ.. ဟားဟား..


သုတ

(8.9.2012)ရက်နေ့ အ.ထ.က(၃)မြိတ် ဓမ္မသင်တန်း



Friday, September 7, 2012

ကျွန်ုပ်နဲ့ကျွန်ုပ်တို့၏ကျောင်းအမှတ်တရများအပိုင်း (၃)

ကျောင်းထဲကရေနွေးကျိုတဲ့အခန်းကြီးကိုပြန်မြင်ယောင်မိလို့ရေးပါရစေ။ကျောင်းကြီးမီးမလောင်အချိန်တုန်းကပေါ့။တင်းနစ်ကွင်းလို့ခေဲါတဲ့ကျောင်းအလယ်မှာရှိတဲ့အဲဒီကွင်းရဲ့ဘယ်ဘက်ခြမ်း(ကျားအိမ်သာဘက်မဟုတ်တဲ့ဘက်)မှာတိုက်အဆောင်တခုရှိတယ်။အခုတော့မရှိတော့ဘူးထင်ပါတယ်။အဲဒီအဆောင်ကကျောင်းကြီးရဲ့ရေနွေးကြိုတဲ့နေရာကြီးပေါ့။ဦးထွန်းကြည်လို့ခေဲါတဲ့ကျောင်းရဲ့ဝေယာဝစဿစတွေ၊ပြုပြင်ထိန်းသိမ်းစရာတွေလုပ်ပေးတဲ့ဦးလေးကြီးတယောက်ရှိတယ်။ကျောင်းတက်တာနဲ့သူဟာထင်းတိုအစအနတွေနဲ့ရေနွေးကျိုတော့တာပဲ။ရေစိမ်းမသောက်ချင်တဲ့သူတွေ၊ရေနွေးသောက်ချင်တဲ့သူတွေဟာဒီအခန်းကိုသွားပြီးတော့ဦးထွန်းကြည်ဆီမှာယူကြတယ်။ရေနွေးကတော့ထုံးစံအတိုင်းမီးခိုးနံ့တလှိုင်လှိုင်နဲ့ပေါ့။တခါတလေစာသင်ချိန်ကြီးအပြင်ထွက်ချင်လည်းရေနွေးသွားသောက်ဦးမယ်လို့ဆရာမဆီမှာခွင့်တိုင်ပြီးသွားခဲ့သေးတယ်။သီချင်းထဲကလိုပဲ..."ငယ်စဉ်က..ကလေး...တို့ဘဝဟာ..ပျော်ပါးဖို့ရာလွယ်ပါတယ်".....။အခုတော့မီးခိုးနံ့တလှိုင်လှိုင်နဲ့ရေနွေးရောဦးထွန်းကြည်ရောသတိရမိပါတယ်။

   မှ/ဘေးဘေ

ဒုတိယအကြိမ် မြတ်ဆရာပူဇော်ပွဲနှင့်ဆရာကျေးဇူးဆပ်ဓမ္မသဘင်အခမ်းအနားမှကဗျာလေးတပုဒ် အမှတ်တရ


ဆရာမကြီး ဒေါ်အင်ဆေးဝါးကုသမှုအတွက်ကျောင်းသား/သူဟောင်းများမှ အလှူငွေ

  • )မြင့်မိုရ်ဆေးရုံ၊မြိတ်မြို့တွင်တက်ရောက်ဆေးကုသမှုခံယူနေသောဆရာကြီးဒေါ်အင်အတွက်လိုအပ်သောသွေးအား ကျောင်းသားဟောင်း
    ကိုစိုးပိုင်ဌေးမှကျေးဇူးဆပ်လှူဒါန်းခဲ့ပါသည်
  • ကျာင်းသား/သူဟောင်းများမှ
    အလှူငွေ ၃၃၈၀၀၀ိ/ကျပ်အား စုပေါင်းလှူဒါန်းကန်တော့ခဲ့ကြပါသည်
    ၁။ကိုတင်ထွန်းလင်း+မမြတ်မြတ်အိ ၁၀၀၀၀၀(၁သိန်း)
    ၂။ကိုစိုးမိုးနိုင်ဂိုး+မလွင်လွင်ချို ၅၀၀၀၀
    ၃။ကိုအောင်ကိုလတ်+မသဉ္ဖာလင်း ၂၀၀၀၀
    ၄။ကိုထန်ထန်+မမိုးမိုးခိုင် ၂၀၀၀၀
    ၅။ကိုထွေးသူရ+မယုလေးမော် ၂၀၀၀၀
    ၆။ကိုမင်းမင်းလတ်+မမေသူစိုး ၂၀၀၀၀
    ၇။ကိုခိုင်လင်းနိုင်+မစန်းစန်းရင် ၁၀၀၀၀
    ၈။ကိုထိန်လင်း+မအိအိမွန် ၁၀၀၀၀
    ၉။မနှင်းဖြူစိုး ၁၀၀၀၀
    ၁၀။မဇင်မာကြည် ၁၀၀၀၀
    ၁၁။ကိုဖြိုးဝင်းထွန်း+မလှနန်းသီရိ ၁၀၀၀၀
    ၁၂။ကိုစိုးပိုင်ဌေး+မအေးအေးနွယ် ၁၀၀၀၀
    ၁၃။ကိုတိုးတိုးဝမ်း ၁၀၀၀၀
    ၁၄။မလဲ့လဲ့ဌေး ၁၀၀၀၀
    ၁၅။မအိအိဖြိုး ၁၀၀၀၀
    ၁၆။ဦးဥာဏ်လင်း+ဒေါ်ဝင်းဝင်းအေး ၅၀၀၀
    ၁၇။မခိုင်ခိုင်စိုး ၅၀၀၀
    ၁၈။မဇာခြည် ၃၀၀၀
    ၁၉။မသီသီခိုင် ၅၀၀၀
    ၂၀။ကိုနိုင်ဝင်းနှင့်ဇနီး(စင်္ကာပူ)၇၀၀၀၀ိ/(ခုနှစ်သောင်း)
     ၂၁။မမေမီလိုင် ၁၅၀၀၀ိ/

နာရေးသတင်းနှင့်ဝမ်းနည်းမှတ်တမ်း

မြိတ်မြို့ မြင်မိုရ်ဆေးရုံတွင်တက်ရောက်ဆေးကုသမှုခံယူခဲ့သော ဆရာမကြီးဒေါ်အင်သည် ယမန်နေ့ (၂၄၊၅၊၂၀၁၂) ညဦး၌ ငြင်းပယ်ခွင့်မရှိသော အနိစ္စတရားအတိုင်း ကွယ်လွန်သွားပြီဖြစ်ပါသဖြင့် ယနေ့ (၂၅၊၅၊၂၀၁၂) နေ့လည် ၂ နာရီတွင် ပုလောကျောင်းမှအသုဘပို့ဆောင်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ ဆရာမကြီးဒေါ်အင် ကောင်းရာသုဂတိလားပါစေ....

Thursday, September 6, 2012

မမေ့ နိုင်ပါကျောင်းတော်၇ာ၊အချိန်တွေသာပြောင်းလိုနှစ်တွေဟောင်းသွားပေ့ မယ်လည်း၊ကံကူလက်လှည်အ၇ွယ်မှသိကျွှမ်ဝင်ခဲ့ ၇ာနေ၇ာလေးမို့ ဘယ်သောအခါမှမမေ့ နုင်ပါ၊ကျေးဇူးကြီးလှဆ၇ာ။ဆ၇ာမများနှင့် ကောင်းတူဆိုးဖက်ေ၇ာင်း၇င်းချစ်ဆွေအပေါင်းကိုလည်းသတိ၇၇င်းနဲ၇င်းနဲအမျှပါကျောင်းတော်ေ၇............

မှ .......
ကိုမျိုးသွယ်
 

Wednesday, September 5, 2012

ကျနော်တို့ပညာသင်ကြားစဉ်ကအေးချမ်းလုံခြုံစွာနေထိုင်ခဲ့ရသော ကျောင်းတော်ကြီးရဲ့ကျေးဇူးကိုလည်း ဆပ်ကြရပေဦးမည် နိုင်စွမ်းသည့်ဘက်မှဝိုင်းဝန်းပြုပြင်ပြီး ကျေးဇူးဆပ်ကြပါစို့..


အ.ထ.က(၃)မြိတ် မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေး ဥက္ကဌ (main sponsor) ဦလှဝင်း(ဇင်ယော်မင်းရေခဲစက်) ဧ။်ဝမ်းသာသောအပြုံးများဖြင်

ဓါတ်ပုံနှင့်ဗီဒီယိုမှတ်တမ်းအားမေတ္တာဖြင့်ကူညီပေးသောကိုမိုးစိုးအောင်(A Group) နှင့်သူငယ်ချင်းများအား ချစ်ခင်စွာကျေးဇူးတင်ရပါသည်

အ.ထ.က(၃)မြိတ် မြတ်ဆရာပူဇော်ပွဲ တွင် ဆရာကြီး/ဆရာမကြီများအားဂုဏ်ပြုညစာစားပွဲဖျော်ဖြေရေးအစီအစဉ်အားတာဝန်ယူဆောင်ရွက်ပေးသော koFat & ko Aung Moe တို့ကို အထူးပင်ကျေးဇူးတင်ရှိပါ
တယ်

အသံပိုင်းဆိုင်ရာကိုကူညီပေးသောကျောင်းသားဟောင်ကြီး ကိုအောင်မိုး အားမမေ့နိုင်သောအမှတ်တရများဖြင့်

ဒုတိယအကြိမ် အထက(၃) မြတ်ဆရာပူဇော်ပွဲဆရာ့ကျေးဇူးဆပ်ဓမ္မသဘင်အခမ်းအနား






ဆရာတော်ဘုရားကြီးအား စောင့်ကြိုနေကြစဉ်



ပျော်ပျော်ရွင်ရွင်..



ကျောင်းသား၊သူဟောင်းများမှ အလှူငွေများ ကောက်ခံနေကြစဉ်.

ကျောင်းသား၊သူဟောင်းများမှ အလှူငွေများ ကောက်ခံနေကြစဉ်.

ဒုတိယအကြိမ်မြောက် ဆရာကန်တော့ပွဲဖြစ်မြောက်ရေး အစည်းအဝေးတွင် ကိုထွေးသူရ (ခ) ဖိုးထွေးမှ လိုအပ်သည်များကို ဆွေးနွေးတိုင်ပင်နေကြစဉ်..


ဆရာတော် ဒေါက်တာနန္တမာလာဘိဝံသ






ကျွန်ုပ်နဲ့ကျွန်ုပ်တို့၏ကျောင်းအမှတ်တရများအပိုင်း (၂)

ကျွန်မမှတ်မိပါသေးတယ်။အခုHallခန်းမကြီးလုပ်ထားတဲ့နှစ်ထပ်ဆောက်အဦးဟာမူလတန်းကျောင်းသားအရွယ်တုန်းကဒီနေရာမှာမြေနိမ့်Stageစင်ကြီးတခုရှိပါတယ်။သွပ်ခေါင်မိုးနဲ့မိုးထားတဲ့Hall Typeပုံစံမျိုးပါ။အလယ်တဝက်လောက်ကနေစပြီးတော့ထပ်ခိုးလေးရှိတယ်။မသုံးတော့တဲ့ကျောင်းပရိဘောဂပစဿစည်းတွေထားတယ်လို့မှတ်မိတယ်။ထပ်ခိုးလေးရဲ့အောက်မှာတော့ကလေးတွေစီးဖို့ဒန်းသေးသေးလေးတချို့နဲ့လျှောစီးစရာလေးကတခု။နောက်ပြီးပတ်ပတ်လည်လို့ရတဲ့ချားသေးလေးတခုထားထားပါတယ်။ခေါင်မိုး ရှိတော့မိုးရွာလည်းစိတ်မပူရ။ကစားလို့ကောင်းတဲ့နေရာလေးပေါ့။ဒီကလေးကစားစရာတွေဟာတရုတ်ကျောင်းကရတဲ့အမွေဆိုတော့တက်စီးလိုက်ရင်အသံမျိုးစုံထွက်ပြီးမလှုပ်တလှုပ်အနေအထားပေါ့။ကျွန်မတို့ခေတ်တုန်းကထမင်းချိုင့်ယူလာတဲ့ကျောင်းသားခပ်ရှားရှားရယ်။ထမင်းစားလွှတ်ရင်အသီးသီးအိမ်ပြန်ထမင်းစားကြတယ်။မြန်မြန်စားပြီကျောင်းပြန်သွားဖို့အမေကိုပြောရတာအမောပါပဲ။ဘာလို့လဲဆိုတော့ဒန်းစီးရဖို့ဒန်းလုရမယ်လေ။ဩော်..ကလေးဘဝ...အပူအပင်မရှိတဲ့ကလေးဘဝ။ပြန်တောင့်တမိတယ်။



    ကျောင်းကြီးရဲ့သမိုင်း


    လွန်ခဲ့သောနှစ်ပေါင်း၄၀ခန့်လောက်၊၁၉၆၀ဝန်းကျင်လောက်ကတရုတ်အမျိုးသားအလယ်တန်းကျောင်း(Oversea Chinese Middle School)(華僑公 学)လို့ခေဲါတဲ့ကျောင်းဟာပြည်သူပိုင်အသိမ်းခံရပြီးနောက်အမှတ်(၃)အစိုးရအလယ်တန်းကျောင်းဆိုပြီးဗမာကျောင်းကိုစတင်ခဲ့တယ်။ကျောင်းအုပ်ကတော့ဆရာမကြီးဒေဲါလေးရှင်ဖြစ်ပါတယ်။အဲဒီနောက်မှာတော့အလယ်တန်းကျောင်းကိုအထက်တန်းကျောင်းအဖြစ်တိုးမြှင့်ပြောင်းလဲခဲ့ပါတယ်။အထက်တန်းကျောင်းဖြစ်တဲ့ချိန်မှာကျောင်းအုပ်ကတော့ဆရာမကြီးဒေဲါသန်းရှင်ဖြစ်ပါတယ်။ထိုအချိန်တုန်းက"အမှတ်(၃)အစိုးရအထက်တန်းကျောင်း"လို့ခေဲါပါတယ်။ယခုအခါမှာတော့"အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းလို့ခေဲါပါတယ်။ခေတ်အဆက်ဆက်ကျောင်းအုပ်ကြီးများကတော့ဆရာမကြီးဒေဲါလေးရှင်၊ဆရာမကြီးဒေဲါသန်းရှင်၊ဆရာကြီးဦးချင်တိတ်၊ဆရာကြီးဦးဦးမြင့်၊ဆရာကြီးဦးသန်းကြွယ်၊ဆရာမကြီးဒေဲါမာလာတင်၊ဆရာကြီးဦးသန်းအောင်၊ဆရာကြီးဦးဆန်းလွင်၊ဆရာမကြီးဒေဲါနုနုရီ၊ဆရာကြီးဦးချစ်သောင်း၊(ယခု)ဆရာမကြီးDr.ဒေဲါသင်းသင်းခိုင် တို့ဖြစ်ကြပါတယ်။
    • မှတ်ချက်။အမှားပါရင်ပြောပေးပါ။

    ကျွန်ုပ်နဲ့ကျွန်ုပ်တို့၏ကျောင်းအမှတ်တရများအပိုင်း (၁)

    ကျွန်မသည်ဒီကျောင်းကလေး၌ဝလုံးလေးတွေကိုစပြီးသင်ယူခွင့်ရခဲ့တယ်ဆိုရင်မမှားပါဘူး။ကျောင်းမတက်မှီအရွယ်ကပင်ကျောင်းနဲ့အတော်ပင်အကျွမ်းတဝင်ရှိခဲ့ပါတယ်။အကြောင်းကတခြားမဟုတ်ပါဘူး။အမေဟာဒီကျောင်းကြီးရဲ့ဆရာမတယောက်ဖြစ်နေလို့ပါပဲ။မိသားစုညထမင်းစားဝိုင်းမှာလည်းတနေ့တာအတွေ့အကြုံများကိုအမေကပြောပြလေ့ရှိပါတယ်။ကျွန်မအတွက်တော့ဒီကျောင်းကြီးဟာအလွန်ပင်ရင်းနှီးလှပါတယ်။ဒါကြောင့်မို့လို့သူငယ်တန်းကျောင်းစတက်တဲ့အချိန်မှာငိုယိုပြီးကျောင်းမနေဘူး၊အိမ်ပြန်မယ်ဆိုတာမျိုးမဖြစ်ခဲ့ပါဘူး။ကျောင်းတော်ကြီးဟာကျွန်မရဲ့ဒုတိယအိမ်လေးတဆောင်ဖြစ်ခဲ့ပါတယ်။ကျွန်မရဲ့ဒုတိယအိမ်လေးလို့တင်စားထားတဲ့ဤကျောင်းတော်ကြီးရဲ့အမှတ်တရများရယ်၊အောက်မေ့သတိရဖွယ်များကိုပြန်လည်ဆန်းသစ်ခံစားနိုင်ဖို့အတွက်ဒီဘလော့ကြီးကိုဖန်တီးခွင့်ပြုပါ။



    တနင်္ဂနွေ ဓမ္မသင်တန်း











    ဒုတိယအကြိမ် ကန်တော့ခံ ဆရာ၊ဆရာမများနှင့် ဂုဏ်ပြုညစာစားပွဲ





    ဆရာမကြီးများနှင့်ကျောင်းသူဟောင်းများပျော်ရွှင်စွာကခုန်ခဲ့သောညတည
    ဘ၀တသက်တာ မမေ့နိုင်တော့ပါ

    ဆရာမကြီးများနှင့်ကျောင်းသူဟောင်းများပျော်ရွှင်စွာကခုန်ခဲ့သောညတည
    ဘ၀တသက်တာ မမေ့နိုင်တော့ပါ
    ယခင်ကျောင်းအုပ်ဆရာမကြီးဒေါ်မာလာတင်မှအမှတ်တရသီချင်းသီဆိုနေစဉ်
    Add caption