ဘ၀လမ်းညွန် တို့ကျောင်းတော်

Wednesday, September 5, 2012

ကျွန်ုပ်နဲ့ကျွန်ုပ်တို့၏ကျောင်းအမှတ်တရများအပိုင်း (၁)

ကျွန်မသည်ဒီကျောင်းကလေး၌ဝလုံးလေးတွေကိုစပြီးသင်ယူခွင့်ရခဲ့တယ်ဆိုရင်မမှားပါဘူး။ကျောင်းမတက်မှီအရွယ်ကပင်ကျောင်းနဲ့အတော်ပင်အကျွမ်းတဝင်ရှိခဲ့ပါတယ်။အကြောင်းကတခြားမဟုတ်ပါဘူး။အမေဟာဒီကျောင်းကြီးရဲ့ဆရာမတယောက်ဖြစ်နေလို့ပါပဲ။မိသားစုညထမင်းစားဝိုင်းမှာလည်းတနေ့တာအတွေ့အကြုံများကိုအမေကပြောပြလေ့ရှိပါတယ်။ကျွန်မအတွက်တော့ဒီကျောင်းကြီးဟာအလွန်ပင်ရင်းနှီးလှပါတယ်။ဒါကြောင့်မို့လို့သူငယ်တန်းကျောင်းစတက်တဲ့အချိန်မှာငိုယိုပြီးကျောင်းမနေဘူး၊အိမ်ပြန်မယ်ဆိုတာမျိုးမဖြစ်ခဲ့ပါဘူး။ကျောင်းတော်ကြီးဟာကျွန်မရဲ့ဒုတိယအိမ်လေးတဆောင်ဖြစ်ခဲ့ပါတယ်။ကျွန်မရဲ့ဒုတိယအိမ်လေးလို့တင်စားထားတဲ့ဤကျောင်းတော်ကြီးရဲ့အမှတ်တရများရယ်၊အောက်မေ့သတိရဖွယ်များကိုပြန်လည်ဆန်းသစ်ခံစားနိုင်ဖို့အတွက်ဒီဘလော့ကြီးကိုဖန်တီးခွင့်ပြုပါ။



No comments:

Post a Comment