`စတိတ်နေ့စွဲများ(၃)´
`မင်းမြဲမြဲမှတ်ထား၊ ပြင်သစ်ဘုရင်တွေ အများကြီး၊ဗော်လတဲယားက တစ်ယောက်တည်း´တဲ့။
ဒီစကားပြောတိုင်း ဦးထွန်းကြည်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်ပ လာသလို ပါးစပ်မှာခဲထားတဲ့ ဆေးပြင်းလိပ် မီးဟာလည်းရဲလို့။
ပြောလည်းပြောလောက်စရာပါပဲ။ ကျွန်တော် သူငယ်တန်းကျောင်းသား ဘ၀ကနေ ဆယ်တန်းရောက်တဲ့အထိ ကျောင်းအုပ်ကြီးနှစ်ယောက်(ဆရာကြီးဦးမြင့်နဲ့ ဦးသန်းကြွယ်) ပြောင်းခဲ့ပေမယ့် ကျောင်းစောင့်ကြီးဦးထွန်းကြည်ကတော့ နေမြဲပဲ။ မနက်တိုင်း ဂိတ်တံခါးဖွင့်မြဲဖွင့်လျက်၊တံမြက်စည်း
လှဲမြဲလှဲလျက်၊ဆေးပြင်းလိပ် ခဲမြဲခဲလျက်၊မလျှော်မဖွတ်တာကြာလို့ ကြေးအထပ်ထပ် တက်နေတဲ့ ကက်ဦးထုပ်တစ်လုံးကို ဆောင်းမြဲဆောင်းထျက်၊ကျောင်းတက်ချိန်ဆို ဂိတ်တံခါး ၃ပေါက်အနက် ညာအစွန်ဆုံးဂိတ်တံခါးအနီးက ဂိတ်စောင့်တဲလေးမှာ ငိုက်မြည်းမြဲ ငိုက်မြည်းလျက်ပါပဲ။တကယ်တော့ ဦးထွန်းကြည်ဟာ နေပူပူ မိုးရွာရွာ ဘယ်တော့မှ တာဝန် မပျက်ကွက်တဲ့ အထက(၃)ရဲ့ မာန်အောင် တံခါးမှူးတစ်ဦးပါပဲ။ ဆရာကြီးတွေ၊ဆရာ/ဆရာမတွေ၊ကျောင်းသူ/သားတွေဝင်လာလိုက်
ထွက်သွားလိုက်နဲ့အစိုးမရ ဖြစ်ကောင်းဖြစ်မယ်။ဦးထွန်းကြည်ကတော့ ပန်းပန်လျက်ပါပဲ။ မှတ်မိပါသေးတယ်။ တစ်ခါက ဘာလင်တံတိုင်းကြီးကို ကျော်တက်ပြီး အနောက်ဂျာမနီမှာ ပညာရေးခိုလှုံခွင့်တောင်းမလို့လုပ်တုန်းပေါ့။တံတိုင်းကြီးပေါ် ဖက်တက်နေရုံ ရှိသေးတယ်။`ဟေ့ကောင်...မင်းဘာလုပ်တာလဲ၊အခုဆင်းခဲ့စမ်း´လို့ နောက်ကနေ တစ်စုံတစ်ယောက် လှမ်းအော်လိုက်တယ်။
ဆရာကြီးဦးသန်းကြွယ်များလားလို့ ဒိတ်ခနဲဖြစ်သွားပြီးလှည့်ကြည့်လိုက်တော့ ဦးထွန်းကြည်ဖြစ်နေပါရော။ ဒါနဲ့ ကျွန်တော်လည်း ကြောက်ကြောက်နဲ့`ကျ...ကျွန်တော် ဗိုက်အရမ်းဆာနေလို့ လက်ဖက်ရည်ဆင်း သောက်မလို့ ပါခင်ဗျား´လို့ စွတ်ပြောချလိုက်တော့ ဦးထွန်းကြည်က `အေးကွ...ငါလည်း လက်ဖက်ရည်သောက်ချင်နေတာနဲ့ အတော်ပဲ။..မင်းပြန်လာရင် ငါ့အတွက်ပါဆယ် ဆွဲခဲ့၊ရော့...ပိုက်ဆံယူသွား´ဆိုကာမှ သက်ပြင်းချနိုင်ပါတော့တယ်။
သူငယ်ချင်းကြည်စိုး၏ ဖခင် တံခါးမှူးကြီး ဦးထွန်းကြည်အား သတိရလျက်။
ကျောင်းစောင့်ကြီး ဦးထွန်းကြည် အမြဲ ပြောလေ့ရှိတဲ့ စကားလေး တစ်ခွန်းရှိတယ်။

No comments:
Post a Comment